ချစ်သူသို့

ချစ်သူသို့...........

ချစ်သူ
မင်းပြောတဲ့စကား
အရာရာကံတရား
မရေရာမသေချာ
ကံစီမံရာကို
ငါလက်ခံရမှာလား.........။
ချစ်သူ
ကိုယ်တိုင်မတွေ့
လေမှာတွေ့ ကြမှ
ပျော်စရာကောင်းတဲ့ ငါတို့ဘ၀က
အရမ်းကိုခါးသပ်လွန်းပါတယ်......။
ချစ်သူ
မင်းသိရဲ့လား
မင်းရင်မှာခဏ
မှေးစက်ချင်နေမိခဲ့လည်း
လက်တောင်ကိုင်ခွင့်
အခွင့်မရှိတဲ့ ငါ့ဘဝ
လူပုံအလယ်မှာ
ဟာသတစ်ပုဒ်
ဖြစ်တည်နေတော့မည်.......။

0 ပြောခဲ့ကြတယ်:

Post a Comment

 
©2009 moemakha-newmandalay | by TNB