G-talk short -cut များ

ကွန်ပျူတာသုံးစွဲသူတိုင်း short-cut (ကီးဘုတ်ဖြတ်လမ်းနည်း)တွေ သုံးစွဲတာ မဆန်းပါဘူး။ ပြီးတော့ Gtalk (Google Talk) ဆိုတာကလည်း အင်တာနက်သုံးစွဲသူတိုင်းသိကြပါတယ်။ ဒါပေမယ့် သိပြီးသား သူငယ်ချင်းတွေရော၊ မသိသေးတဲ့ သူငယ်ချင်းတွေရောအတွက် Gtalk ရဲ့ Shortcuts တွေကို ဖော်ပြလိုက်ပါတယ်….။ ဒါကလည်း သူငယ်ချင်း ကိုစည်သူက ပေးလိုက်တာပါ။ အားလုံးကို မျှဝေလိုက်ပါ။ အရင်ကထက် အဆင်များ ပိုပြေနိုင်မယ်ဆိုရင် ၀မ်းသာမိပါတယ်။


* F9: Open Gmail to send an email to your friend
(လူတစ်ယောက်နဲ့ချက်နေခဲ့ရင် F9 နှိပ်လိုက်တဲ့အခါမှာ Gmail ပွင့်လာပြီး သူ့ဆီကိုစာရေးဖို့ အဆင်သင့်ဖြစ်စေပါတယ်)
* F11: Start a call with your friend
(လူတစ်ယောက်နဲ့ချက်နေခဲ့ရင် သူနဲ့ headphone ချင်း စကားပြောဖို့ ဖုန်းခေါ်လိုက်တဲ့သဘောပါ)
* F12: Stop the current call
(headphoneချင်း ဖုန်းခေါ်ပြောဆိုနေတာကို ရပ်ဆိုင်းပြစ်လိုက်ပါတယ်)
* ESC: Close the current window
(လောလောဆယ် ချက်တင်ဝင်နေတဲ့ဘောက်စ်ကို တခြားသူမမြင်မိအောင် ပိတ်ပြစ်လိုက်တာပါ)
* ALT + ESC: Minimize the current window
(ဂျီတော့ချက်နေရင်းနဲ့ Start bar အပေါ်ကို ရောက်သွားအောင် ဆွဲချုံ့ပြစ်လိုက်တာပါ)
* TAB: Switch between multiple chat windows
(ချက်တင်ပြောနေရင်းနဲ့ နောက်တစ်ယောက်နဲ့ပြောချင်ရင် ချက်တဲ့ဘောက်စ်အရွှေ့အပြောင်းလုပ်တာပါ)
* CTRL + I: Same as TAB
* SHIFT + TAB: Same as TAB but in reverse order
* CTRL + TAB: Same as SHIFT + TAB
* Windows + ESC: Open Google Talk (if it’s minimized, or in the tray) (
အကယ်၍ ဂျီတော့ဟာ Start bar အပေါ်မှာ minimized ချုံ့ထားတာပဲဖြစ်ဖြစ်၊
နာရီအချိန်တွေကို ပြတဲ့ Tray ဆိုတဲ့နေရာကလေးမှာ ဂျီတော့ရောက်နေရင်ပဲဖြစ်ဖြစ် ဂျီတော့ကို
လှမ်းခေါ်လိုက်တာပါ၊ လှမ်းဖွင့်လိုက်တာပါ)
- အားလုံးကို ကျေးဇူးတင်ပါတယ် . . .

0 ပြောခဲ့ကြတယ်:

Post a Comment

 
©2009 moemakha-newmandalay | by TNB